**Miracle In Cell No.7**(Fb link)
**Miracle In Cell No.7**
++++++++++++++++++++
မေတ္တာတရားတွေကိုသေချာကြည့်မယ်ဆိုရင်၁၅၀၀မေတ္တာက၅၂၈မေတ္တာထက်သင်္ချာအတိုင်းအတာပမာဏထက်များတယ်လို့ထင်ရပေးမယ်တကယ်တမ်းတော့လေအဖြူစင်ဆုံးတိုင်တာမရတဲ့အနန္တမေတ္တာဆိုတာက၅၂၈ဆိုသောမိသားစုလေးကပေးတဲ့ဖြူစင်သောမေတ္တာလေးကသာတန်ဖိုးအရှိဆုံးပါ…အခုဇတ်ကားလေးမှာဖခင်ကိုချစ်မြတ်နိုးသောသမီးတိုင်းအတွက်သမီးကိုချစ်သောဖခင်တိုင်းအတွက်အရမ်းကိုခံစားမှုတွေပေးတဲ့မေတ္တာရေးကိုဖော်ကျုးထားတဲ့ဇတ်ခယလမ်းလေးတစ်ခုဆိုတာကိုမပြောဘဲနဲ့သိမြင်နိုင်ပါတယ်…လောကမှာဘယ်လိုမိဘမျိုးပဲဖြစ်နေပါစေသားသမီးအပေါ်လိုအင်ဟူသမျှကိုဖြည့်ဆည်းပေးချင်ကြါတယ်ဉာဏ်ရည်မမှီသောဖခင်တစ်ယောက်ကသူသမီးလေးလိုချင်သောအိတ်လေးတစ်လုံးကြောင့်အမှတ်မထင်အမှုအခင်းဖြစ်ပြီးအရမ်းလိမ္မာပြီးအလိုက်သိလွန်းတဲ့သမီးလေးကြောင့်သူဘ၀ကြီးနဲ့သမီးလေးဘ၀ကိုထပ်တူထားသောဖခင်တစ်ယောက်ရဲ့မေတ္တာ..လောကမှာတစ်ယောက်ထဲ့ရှိတဲ့သမီးလေးသေဆုံးမှုကြောင့်အရူးတစ်ယောက်လိုဖြစ်ခဲ့ရတဲ့ဖခင်တစ်ယောက်ရဲ့ခံစားချက်…..ဒီဖခင်နှစ်ယောက်ရဲ့အားပြိုင်မှုတွေကဘာတွေဖြစ်လာမလဲ….လူဆိုးသူခိုးတွေဆိုပေးမဲ့မေတ္တာရေးရဲ့ဓာတ်အားနဲ့ပြောင်းလဲလာတဲ့လူဆိုးကြီးတွေအဲ့လိုနဲ့မတော်တဆဖြစ်ရပ်လေးတွေကနေအရမ်းအလိုက်သိတဲ့သမီးေးနဲ့ဖခင်တို့မေတ္တာတရားကိုဒီဇတ်ကားလေးထဲ့မှာတွေမြင့်ရမှာပါ…….
😁😁😁😁😁😁😁
😁😁😁😁😁😁
Shifting Gears (2018)
Shifting Gears (2018) မြန်မာစာတမ်းထိုး
တွမ် ကာရိုး ဂျယ်ရမီ နဲ့ စတီဖင်နာတို့မိသားစုလေးယောက်က အမေရိကန်နိုင်ငံမြောက်ပိုင်းကပြည်နယ်တစ်ခုမှာနေထိုင်ကြပါတယ် အဖေဖြစ်သူတွမ်က သားဂျယ်ရမီကိုဘွဲ့ယူအပြီး တက္ကသိုလ်တစ်ခုခုကိုတက်စေချင်ခဲ့ပေမဲ့ သားဖြစ်သူဂျယ်ကတော့ အသက်မွေးဝမ်းကြောင်းကောလိပ်မှ စက်ပြင်ပရိုဂရမ်ကျောင်းသာတက်ချင်ခဲ့ပါတယ် တွမ်ဟာအလုပ်မှာရာထူးအပြောင်းအလဲဖြစ်ပြီးနယ်မြို့ကိုပြောင်းရဖို့ဖြစ်နေတဲ့အချိန် အဖေဖြစ်သူဆီကနေ ကားဝပ်ရှော့နဲ့ဆီဆိုင်ကိုအမွေရခဲ့ပါတယ် ဒါကြောင့်ပိုင်ဆိုင်သမျှတွေကိုရောင်းပြီး ဆီဆိုင်ရှိရာမြို့ကိုပြောင်းလာခဲ့ကြပာတယ် ဂျယ်ရမီက အဖိုးဖြစ်သူရဲ့သွေးပါသူပီပီ ပြိုင်ကားမောင်းခြင်းကိုဝါသနာအရမ်းပါသူဖြစ်ပါတယ် တစ်မိသားစုလုံးလုပ်ငန်းစဖို့ပြင်ဆင်နေချိန်မှာ ကွန်ရက်ဗိန်းလို့ခေါ်တဲ့လူတစ်ယောက်ရောက်လာပြီး ဆီဆိုင်နဲ့ဝပ်ရှော့ရဲ့အရင်ပိုင်ရှင်က သေသွားတာကြောင့်အများပိုင်ပစ္စည်းအဖြစ်လေလံပစ်မည့်အကြောင်းလာရောက်ပြောခဲ့ပါတယ် တွမ်ရဲ့အဖေနဲ့ အရင်ပိုင်ရှင်ကြားသဘောတူညီမှုကြောင့် အကြွေးတွေလေလံပွဲမတိုင်ခင်ပြန်ဆပ်ဖို့တစ်မိသားစုလုံးဒုက္ခရောက်ခဲ့ရပါတယ် ပိုက်ဆံရဖို့တစ်ခုတည်းသောနည်းကတော့ အမေရိကန်နိုင်ငံရဲ့ ကားပြိုင်ပွဲမှာ ဂျယ်ရမီဝင်ပြိုင်ဖို့ပဲဖြစ်ပါတယ် ငါးနှစ်ဆက်တိုက်ချန်ပီယံဖြစ်တဲ့ ကွန်ရက်ဗိန်းဆိုတဲ့ လူကို ဂျယ်ရမီတစ်ယောက်ယှဉ်ပြိုင်နိုင်ပါ့မလား ဆီဆိုင်နဲ့ ဝပ်ရှော့အတွက် တွမ်တို့မိသားစုအကြွေးတွေပြန်ဆပ်နိုင်ဖို့က ဂျယ်ရမီအပေါ်မှာပဲမူတည်နေတာမို့ ပြိုင်ပွဲကဘယ်လိုဖြစ်သွားမလဲ ဒီဇာတ်ကားလေးကနေကြည့်ကြည့်ရအောင်
Translated & Reviewed by နိုင်ဇွန်
Encoded by k
Quality Webdl
Size 730/300 MB
IMDB 5.9
Genres Action, Comedy, Family
Runtime 1h 42min
SD Link
HD Link
😁😁😁😁😁
😁😁😁😁
Big Hero 6 (2014)
Big Hero 6 (2014) မြန်မာစာတမ်းထိုး
Translated & Reviewed by Myat N. Wai
Encoded by k
Quality Bluray
Size 350 MB
IMDB 7.8
Genres Animation, Action, Adventure
Runtime 1h 42min
😁😁😁😁😁😁
😁😁😁
Padman (2018)
Padman (2018) မြန်မာစာတမ်းထိုး
ဇာတ်လမ်းလေးက Laxmi နဲ့ Gayatri တို့ရဲ့လက်ထပ်ခြင်းဖြင့်စပါတယ် Laxmi သည်သူ့ဇနီးGayatri ကို အရမ်းချစ်ပြီး သူ့ဇနီးပျော်ရွှင်မှုအတွက်ဆိုဘာမဆိုလုပ်ဖို့အသင့်ပါ သူတို့ရွာမှာမိန်းကလေးတွေဟာ ဓမ္မတာလာတဲ့ငါးရက်ကို အိမ်အပြင်မှာနေရပါတယ် ပြီးရင် အမျိုးသမီးလစဉ်သုံးပစ္စည်းကိုသုံးမယ့်အစား ညစ်ပတ်နေတဲ့အဝတ်စုတ်တွေကိုသုံးကြပါတယ် တစ်နေ့ Gayatri ဓမ္မတာလာ၍ အိမ်အပြင်မှာနေ အဝတ်စုတ်တွေသုံးနေတာကို Laxmi တွေ့တဲ့အခါ Laxmi ကသူ့မိန်းမကိုဒီ အဝတ်စုတ်တွေသုံးပြီး ရောဂါမရစေချင်သောကြောင့် ဆိုင်မှာ လစဉ်သုံးပစ္စည်းသွားဝယ်ပေးပါတယ် သို့သော် သူ့မိန်းမက ဈေးကြီးသောကြောင့်မသုံးလိုပါ ရွာက တခြားအမျိုးသမီးတွေလည်းမသုံးတာကြောင့်နဲ့ ဒီလိုလတိုင်းသုံးနေရင် ကုန်ကျစရိတ်တွေများနေမှာမို့လို့ပါ ဒါကြောင့် ဂိုက်သရီးက သူကိုယ်တိုင် ဒီပစ္စည်းကို ဈေးနည်းနည်းနဲ့ရအောင်လုပ်ပါတယ် ဒါပေမယ့် ကျရှုံးပြီးရင် ကျရှုံး စမ်းသပ်ပြီးရင် စမ်းသပ် ရွာကအမျိုးသမီးတွေကိုလည်း စမ်းသပ်ခိုင်းတာကြောင့် သူတို့တစ်မိသားစုလုံးအရှက်ကွဲခဲ့ရပါတယ် Gayatri ကိုလည်း သူမအကိုတွေပြန်ခေါ်သွားတာမို့ Laxmi က ဖြစ်ချင်တာဖြစ်ပါစေ သူ့မိန်းမကိုရောဂါမရအောင်ကာကွယ်မယ်ဆိုပြီး ဈေးနည်းတဲ့ပတ်ကို ထုတ်ဖို့ မြို့တက်ခဲ့ပါတယ် သူ့ရဲ့ဇနီးအတွက်သူရဲ့ညီမတွေအတွက် ရွာမှာရှိတဲ့အမျိုးသမီးတွေအားလုံးရောဂါမရအောင်ကာကွယ်မယ်ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ဟာ အောင်မြင်မလားဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ
Translated & Reviewed by Myo Myo
Encoded by k
Quality Webdl
Size 350 MB
IMDB 8.3
Genres Biography, Comedy, Drama
Runtime 2h 20min
😁😁😁😁😁😁
Where the Skin Lies (2017)
Where the Skin Lies (2017) မြန်မာစာတမ်းထိုး
ထူးဆန်းတဲ့ဒုက္ခတွင်းထဲကလွတ်မြောက်လာခဲ့တဲ့ လူခြောက်ယောက်ဟာ အဖွဲ့လိုက်ကုသမှုခံယူပြီး တစ်နှစ်ပြည့်မှာစကော့တစ်ရှ်ပြည်နယ်ကအိမ်တစ်အိမ် မှာနားယူဖို့ခရီးထွက်လာကြတယ် အဲ့ဒီအိမ်ကြီးကိုရောက်ပြီးသိပ်မကြာခင်မှာပဲ ထူးဆန်းပြီးကြောက်စရာကောင်းလှတဲ့အပြစ်အပျက်တွေကိုကြုံတွေ့နေရတဲ့အခါမှာတော့ ဒီအဖြစ်အပျက်ကြီးကိုဘယ်လိုအဖြေရှာမလဲ ဘယ်လိုရင်ဆိုင်မလဲသူတို့အားလုံးရော အသက်ရှင်လွတ်မြောက်နိုင်မလားဆိုတာကြည့်ရှုရမှာပါ
Translated & Reviewed by Myo Myo
Encoded by k
Quality Bluray
Size 190 MB
IMDB 3.8
Genres Horror, Thriller
Running Time 1h 31min
မူဗီတွေတင်ထားတဲ့ စိုက်တွေက
ဒေါင်းလင့်တွေမှာ ကြောငြာ
အရမ်းခံထားတော့ မူဗီလင့်ယူ
ရတာ အခက်အခဲဖြစ်လို့
ဒေါင်းလင့်တစ်ခုပဲ ထည့်ထားပါတယ်
အကယ်၍ လင့်သေနေရင်
Fb Page ကနေပြောပေးကြပါနော်။
လင့်ပြန်ပြင်ပေးပါမယ်။
HD Link လိုချင်လည်လာတောင်း
နိုင်ပါတယ်နော်။
😁😁😁😁😁
😁😁😁😁😁
SNIPAR Movie Full. (Fb link)
SNIPAR Movie Full
Fb link လေးနဲ့တင်ပေးထားပါတယ်
စနိုက်ပါကား မြန်မာစာတန်းထိုး ☆ စ/ဆုံး
အရမ်းကောင်းတယ်
Fb မှာတိုက်ရိုက်သွားကြည့်
နိုင်ပါပြီး
Movie ကြည်ရန် ပုံလေးကိုနိုပ်ပါ။
😁😁😁😁😁😁
😁😁😁
A Decade After 1920 (fb link)
A Decade After 1920 (fb link)
Fb link လေးနဲ့တင်ပေးထားပါတယ်
သရဲကားကောင်းလေးပါ။
Fb မှာတိုက်ရိုက်သွားကြည့်
နိုင်ပါပြီး
Movie ကြည်ရန် ပုံလေးကိုနိုပ်ပါ။
😁😁😁😁😁😁
😁😁😁
Blood Honey (2017)
Blood Honey (2017) မြန်မာစာတမ်းထိုး
Jenibel ဆိုတဲ့မိန်းမပျိုလေးဟာငယ်ရွယ်ချိန်ကကြုံတွေခဲ့ရတဲ့အတိတ်ဆိုးတွေကြောင့်
ကြောက်လန့်မှုကိုခံစားနေရတဲ့သူဖြစ်ပါတယ် အဲ့အဖြစ်ဆိုးတွေကြောင့်ဘဲသူမအဖေဖြစ်သူက
သူ့မကိုအဒေါ်ဖြစ်သူရှိသွားနေခိုင်းပီးပညာသင်ကြားစေခဲ့ပါတယ်
ဒါပင်မဲ့အဖေဖြစ်သူနေမကောင်းဖြစ်လာခဲ့တဲ့အတွက်အိမ်ပြန်လာချိန်မှာတော့
သူမရဲ့အတိတ်ကဖြစ်ရပ်တွေကစတင်ပီးပြန်လည်နှောင့်ယှက်လို့လာပါတယ်
အဲ့အချိန်မှာဘဲအဖေဖြစ်သူကလဲသူမကိုပျားမွေးမြူရေးလုပ်ငန်းနဲ့မြေယာတွေအကုန်လုံးကို
သူမကိုအမွေပီးတော့ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ် သူမအဖေဘာလို့
ကိုယ့်ကိုကိုယ်သတ်သေရလဲဆိုတာနဲ့သူမငယ်ရွယ်ချိန်ကတွေ့ကြုံခဲ့ရတဲ့
ဖြစ်ရပ်ဆိုးတွေကရောဘာတွေဖြစ်မလဲ သူမရဲ့တခြားမိသားစုဝင်တွေကရော၏
သူမအမွေတွေရသွားခဲ့တာကိုလက်ခံနိုင်မလားဆိုတာကိုတော့…….
Translated by Lwin Naung
Encoded by k
Quality Webdl
Size 220 MB
IMDB 6.2
Genres  Drama, Horror, Mystery
Running Time 1h 35min
😁😁😁😁😁😁
😁😁😁
The Crucifixion (2017)
The Crucifixion (2017) မြန်မာစာတမ်းထိုး
The Crucifixion (2017) ဟာ ၂၀၀၅ ခုနှစ်က ရိုမေးနီးယားမှာ ပယောဂပူးလို့ သေသွားရတယ်ဆိုတဲ့ ဖြစ်ရပ်မှန် တစ်ခုကို အခြေပြုကာ ရိုက်ကူးခဲ့တာ ဖြစ်ပါသတဲ့။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ကော်နစ်ချီဆိုတဲ့ မိန်းကလေးဟာ ပြင်းထန်တဲ့ စိတ်ရောဂါ ဖြစ်လာခဲ့တယ်။ ဘုန်းတော်ကြီး ကော်ရိုဂျီယာနုဟာ မကောင်းဆိုးရွား ပူးကပ်တယ်လို့ သံသယဖြစ်ခဲ့တဲ့အတွက် သီလရှင်အချို့ရဲ့ အကူအညီနဲ့ သူမကို လက်ဝါးကပ်တိုင်မှာ ရက်အတန်ကြာ ချည်ထားခဲ့တယ်။ သူမ သေဆုံးသွားတဲ့အခါမှာတော့ ဘုန်းတော်ကြီးနဲပ သီလရှင်တွေဟာ လူသတ်မှုနဲ့ ထောင်ကျသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ဒါရိုက်တာ ယာဗျာဂျန်းစ်က နာမည်တွေ နေ့စွဲတွေ ပြောင်းလဲပေမယ့် မူလဇာတ်လမ်းကို မပြောင်းလဲဘဲ ရိုက်ကူးခဲ့တာ ဖြစ်ပါသတဲ့။ ဇာတ်လမ်းမှာတော့ သေသွားတဲ့ မိန်းကလေးရဲ့ အစ်မ သတင်းထောက် နစ်ကိုးလ်ဟာ သူ့ညီမ သေဆုံးရတဲ့ အကြောင်းကို လိုက်လံစုံစမ်းရင်း ကြောက်မက်ဖွယ် အဖြစ်ဆိုးများနဲ့ ရင်ဆိုင်လာရပုံကို တင်ပြထားပါတယ်။ သူ့ညီမဟာ တကယ်ပဲ မကောင်းဆိုးရွား ပူးကပ်ခံရတဲ့ အထောက်အထားတွေ တွေ့လာတဲ့အခါမှာတော့ ဘုန်းတော်ကြီးဟာ နတ်ဆိုးနဲ့ ရင်ဆိုင်ရာမှာ ကျရှုံးခဲ့သလားလို့ သံသယ ၀င်လာပါတော့တယ်။ ဒီကားကို Anabelle နဲ့ The Conjuring 2 တို့ကို ထုတ်လုပ်ခဲ့တဲ့ ပရိုဂျူဆာတွေကပဲ ထပ်မံတင်ဆက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သရဲကားဆိုတာထက် ဖြစ်ရပ်ဆန်းကြယ်ကားလို့ ပြောကြပါတယ်။ GC ပရိသတ်တွေထဲမှာ သတ္တိခဲတွေ အများကြီး ရှိမယ်ဆိုတာ ယုံလို့ ခုတလော သရဲကားတွေချည်း တင်ပေးနေတာပါခင်ည။
Reviewed by Jason X
Translated & Reviewed by Aung Myint Oo
Quality Blueray
Size 640 MB
IMDB 5.0
Genres Horror, Mystery, Thriller
😁😁😁😁😁
Annabelle: Creation (2017)
Annabelle: Creation (2017) မြန်မာစာတမ်းထိုး
Annabelle: Creation (2017) Blu-Ray Version
Blu-Ray မှကြည့်မည်ဆိုသူများကြည့်လိုရပါပြီ —————— ၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။ အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအိမ်ကြီးကို မိန်းကလေးတွေ ရောက်လာပြီးနောက်မှာတော့ ထူးဆန်းတဲ့ကိစ္စရပ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး မိဘမဲ့မိန်းကလေးတွေထဲက ပိုလီယိုကြောင့် ခြေထောက်မသန်တဲ့ ဂျန်နစ္စတစ်ယောက် အရုပ်လိုလို၊ လူလိုလို လှုပ်ရှားမှုတစ်ခုရဲ့ ခြောက်လှန့်မှုနဲ့ကြုံခဲ့ပါတော့တယ်။ ဂျန်နစ္စက ယာတောအိမ်ကြီးက ပိတ်ထားတဲ့အခန်းတစ်ခန်းကို သွားဖွင့်မိရာကနေ မိန်းကလေးတစ်ယောက်ပုံစံ ထူးဆန်းတဲ့အရုပ်နဲ့ ကြုံခဲ့တာဖြစ်ပါတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် အိမ်ကြီးထဲက ဆန်းကြယ်တဲ့အဖြစ်အပျက်တွေ၊ အခြောက်အလှန့်တွေကြုံခဲ့ပြီး အရုပ်လုပ်သူ ဆမ်မြူရယ်ရဲ့ စမ်းသပ်မှုတစ်ခုရဲ့ ဓားစာခံတွေဖြစ်ခဲ့ရပါတော့တယ်။အခြောက်အလှန့်တွေလုပ်တဲ့အရုပ်နဲ့ သေသွားတဲ့အန်နာဘဲလ်က ဘယ်လိုအဆက်အစပ်တွေရှိနေတာလဲ၊ သီလရှင်နဲ့ မိဘမဲ့မိန်းကလေးတွေ အမှောင့်ပယောဂဝင်နေတဲ့ သစ်သားရုပ်ရဲ့ လက်က လွတ်မြောက်နိုင်ပါ့မလား၊ ဒီအရုပ်နဲ့ပတ်သက်လို့ ဆမ်မြူရယ်က ဘာတွေလျှို့ဝှက်ကြံစည်ထားသလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါဦးလို့။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေက စတက်ဖနီဆစ်မန်း၊ တာလီသာဘိတ်မန်း၊ လူလူဝီလ်ဆင်၊ ဖီလစ်ပါကော့လ်ဟာ့တ်၊ အန်သိုနီလာပါဂလီယာ၊ မီရန်ဒါအော့တို စသူတွေ ဖြစ်ပါတယ်။ ။ (ဇာတ်လမ်းအညွှန်းကိုတော့ 7Daily Website မှကူးယူဖော်ပြထားတာဖြစ်ပါတယ်)
Translated by Aung Myint Oo
Encoded by Sagittarius
Quality Blueray
Size 500MB
IMDB 6.8
😁😁😁😁😁😁
😁😁😁