A Quiet Place (2018)
A Quiet Place (2018) မြန်မာစာတန်းထိုး
အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။
လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။
နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။
အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။
ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြားတာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာသံမှ မထွက်အောင် သတိထားပြီး နေရတာလည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။
အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံလုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ ယာတောနားက မြို့ဟာလည်း လူသူတစ်ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေတဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။
အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ်သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေမှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရတာပါ။
တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီး ပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါမှာ အသံမြည်သွား တာကြောင့် လီကတားဆီးဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သားဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။
ဒီလိုနဲ့ ရက်တွေကြာလာပြီး တဲ့နောက် အီဗလင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။
တစ်ရက် မှာတော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါတွေကလည်း အသံ ကြားလို့ ရောက်လာတဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။
ဒီဇာတ်ကားမှာ အီဗလင်း အဘော့အဖြစ် အမ်မလီဘလန့်၊ လီအဘော့အဖြစ် ဂျွန်ကရာဆင် စကီ၊ ရီဂန်အဘော့အဖြစ် မီလီ ဆန့်ဆင်မွန်၊ မားကက်စ်အဘော့ အဖြစ် နိုအာဂျူတို့က သရုပ် ဆောင်ထားပါတယ်။
(ဇာတ်လမ်းအညွှန်းကို 7daily website မှကူးယူဖော်ပြထားပါသည်။)
Translated By M.D.L
Encoded By John Burgoyne
1080p.BluRay 600 MB HD (Openload)
😁😁😁😁😁😁
😁😁😁😁
Red Riding Hood (2011)
Red Riding Hood (2011)
 မြန်မာစာတန်းထိုး
==============
IMDb 5.4/10
Roger Ebert 1/4
Google users 90%
လပြည့်ညတိုင်း
ရွာထဲက လူတွေကို လာပြီးဆွဲစားတတ်တဲ့ သမန်းဝံပုလွေအကြောင်းလေးပါ ။
Valerie ဟာ Daggerhorn လို့ခေါ်တဲ့ ရွာလေးမှာနေထိုင်တဲ့ မိန်းမပျိုလေးတစ်ဦးဖြစ်ပြီးတော့ အဲဒီရွာဟာ သမန်းဝံပုလွေတစ်ကောင်ရဲ့
နှောင့်ယှက်ခြင်းကိုခံနေရပါတယ်။
သူဟာ မိဘမဲသစ်ခုတ်သမားလေး Peter နဲ့ရည်ငံနေပေမယ့် မိဘဖြစ်သူတွေက ချမ်းသာကြွယ်ဝတဲ့ပန်းပဲဆရာကြီးတစ်ဦးရဲ့သားဖြစ်သူ Henry Lazar နဲ့လက်ထက်ထိမ်းမြားဖို့ ကြောင်းလမ်းထားပြီးဖြစ်ပါတယ်။
ဒါကြောင့်သူတို့ချစ်သူနှစ်ဦးက မခွဲနိုင်တာကြောင့် အတူထွက်ပြေးကြတဲ့ညမှာပဲ သမန်းဝံပုလွေဟာ Valerie ရဲ့အစ်မဖြစ်သူ Lucie ကိုသတ်ဖြတ်ပစ်လိုက်ပါတယ်။
ဒါ့ကြောင့်လူအများဟာ သမန်းဝံပုလွေကို ရှာပုံတော့ဖွင့်ကြပါတော့တယ်။
Valerie နဲ့ Peter တို့ရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုဖြစ်မလဲ၊
သမန်းဝံပုလွေကရော ဘယ်သူဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါ..
Reviewed by DMO Entertainment
Transalated by DMO Entertainment
Encoded by Win Kyaw Thu
720p HD 658.57 MB (openload)
😁😁😁😁😁😁😁
😁😁😁😁
Flight 666 (2018)
Flight 666 (2018) မြန်မာစာတန်းထိုး
Flight 666 (2018)  သည် ဒါရိုက်တာ  Rob Pallatina ရိုက်ကူးထား၍  Jacob Cooney, Brandon Stroud က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Liz Fenning, Jose Rosete, Joseph Michael Harris တို့ ပါဝင်သရုပ်ဆောင်ထားသော Horror ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်နဲ့  လေယာဉ်ဝန်ထမ်းများဟာ လေယာဉ်ပေါ် ပါလာတဲ့သူ အားလုံးကို ခြိမ်းခြောက်နေတဲ့ မမြင်နိုင်တဲ့အင်အားရဲ့ တိုက်ခိုက်မှုတွေကို ခံရတဲ့အခါ ဘယ်လို ကြောက်စရာတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ပါခင်ဗျာ….
Reviewed by Win Kyaw Thu
Translated Ko Tun Tun Lwin
Encoded by Win Kyaw Thu
720P Bluray 637.76 MB (openload)
😁😁😁😁😁😁
😁😁😁😁
Bride Wars ( 2009 )
Bride Wars ( 2009 )
 မြန်​မာစာတန်းထိုး
Reviewed by Shwe Zin Htun
Translated by Shwe Zin Htun
Encoded by Win Kyaw Thu
720P Bluray  636.44 MB (openload)
😁😁😁😁😁😁😁
😁😁😁😁
Brave (2012)
Brave (2012)
 မြန်မာစာတန်းထိုး
Brave (2012) သည် IMDb 7.1/10 Rotten Tomatoes 79% Metacritic 69% Google users 88%  ဒါရိုက်တာ  Mark Andrews, Brenda Chapman Menon ရိုက်ကူးထား၍  Brenda Chapman, Mark Andrews က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ အသံသရုပ်ဆောင် Kelly Macdonald, Billy Connolly, Emma Thompson တို့ ပါဝင်သရုပ်ဆောင်ထားသော Animation, Adventure, Comedy ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
သူမဘဝလမ်းကြောင်းကို ကိုယ့်ဖာသာရွေးချယ်ဖို့ဆုံးဖြတ်ထားတဲ့ မင်းသမီးလေး မာရီဒါက သူ့နိုင်ငံကို ပရမ်းပတာအလေ့အထတစ်ခုကို သတ်မှတ်လိုက်တယ် ဆန္ဒတစ်ခုကို ဖြည့်ဆည်းဖို့ မာရီဒါက သူရဲ့ ရဲရင့်မှုနဲ့ သူ့ရဲ့လေးမြားအစွမ်းကို အသုံးပြုကာ ကျိန်စာကို ပြန်ဖြေဖို့ကြိုးစားလေရာ ဘယ်လို စွန့်စားခန်းတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြည့်ကြပါခင်ဗျာ….
Reviewed by Win Kyaw Thu
Translated DMO Entertainment
Encoded by Win Kyaw Thu
720p Bluray 671.14 MB (Openload)
😁😁😁😁😁😁
😁😁😁😁
How It Ends (2018)
How It Ends (2018)
 မြန်​မာစာတန်းထိုး
***********************
ဒီတစ်ခါမှာတော့ Action,Adventure အမျိုးအစားဖြစ်တဲ့ How It Ends ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
မကြာသေးခင်ကမှ ထွက်ရှိတာပြီး IMDB မှာ rating 5.1 ရရှိထားတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်
ကြောက်ခမန်းလိလိ သဘာဝဘေးအန္တရာယ်ကြီးကနေ နိုင်ငံအတွင်း ပဋိပက္ခတွေ စစ်ပွဲတွေ ဖြစ်လာစေခဲ့ပါတယ်
အဲ့အချိန်မှာ ငယ်ငယ်ရွယ်ရွယ် ရှေ့နေတစ်ဦးကနေ ကိုယ်ဝန်ရှိနေတဲ့ဇနီးသည်ကို တွေ့ဖို့ အခက်အခဲတွေကြားကနေ ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာကိုတော့ကိုယ်တိုင်ကြည့်ရှုလိုက်ပါ….
IMDB rating – 5.1/10
Genre – Action, Adventure, Drama
Subtitle : Myanmar Subtitle (Hard Sub)
Run time- 1h 53min
Released Date – 13 July 2018 (USA)
Director: David M. Rosenthal
Writer: Brooks McLaren
အညွှန်းနှင့်ဘာသာပြန်ကတော့ – May Honey Swe Lwin
Encoded By John Burgoyne
1080p.WEB-DL. 400 MB HD (Openload)
😁😁😁😁😁
😁😁
102 Not Out(2018)
102 Not Out(2018) မြန်​မာစာတန်းထိုး
***************************
သတိ
ရေးတတ်သလို ရေးထားခြင်းဖြစ်လို့
Spoiler ပါနိုင်ပါသည်. . .
ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို
အိန္ဒိယနိုင်ငံရဲ့ အကျော်အမော်
သရုပ်ဆောင်ကြီး
အမီတာဘဂျမ်းရဲ့ အသစ်စက်စက်
ရုပ်ရှင်ကားကြီး တစ်ကားနဲ့
မိတ်ဆက်ပေးပါရစေ. . .
ဒီကားရဲ့ ထူးခြားချက်ကလေးတွေကို
အရင်ဆုံး ကောက်နှုတ်ဖော်ပြပေးပါရစေ
ဇာတ်လမ်းထဲက အမီတာဘဂျမ်းရဲ့
အသက်က 102 နှစ်
ရီရှီးကပူးရ်ရဲ့ အသက်က 75 နှစ်
27 နှစ် ကွာခြားပါတယ်
တကယ့်အပြင်မှာတော့ မင်းသားကြီး ရီရှီးကပူးရ်က အမီတာဘဂျမ်းထက်
၇ နှစ်သာ ငယ်ပါသတဲ့
ဒီအချက်ကိုတော့ မင်းသားကြီး အမီတာဘဂျမ်းနဲ့ ရီရှီးကပူးရ်တို့တွဲဖက် ရိုက်ကူးခဲ့တဲ့ jooba 1991 ဆိုတဲ့
ဇာတ်ကားရဲ့ နောက်
နှစ်ပေါင်း ၂၇ နှစ်ကြာမှ
ရုပ်ရှင်ဖန်သားပြင်မှာ အတူတကွ
တွဲဖက်ပြီး ပြန်လည်သရုပ်ဆောင်တဲ့
အမှတ်အသားတစ်ခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ပါတယ်
တိုက်ဆိုင်စွာပဲ ဒီကားရိုက်ကူးစဉ်မှာ
မင်းသားကြီး အမီတာဘဂျမ်းဟာ
အသက် 75 နှစ်ရှိနေပါပြီ
ဒီကားကို 2016 ခုနှစ် အလယ်လောက်မှာ ရိုက်ကူးဖို့ လျာထားခဲ့ပေမယ့်
ဇာတ်ညွှန်းအပြောင်းအလဲကြောင့်
2018 ခုနှစ်ကျမှ ရိုက်ကူးပြီးစီးခဲ့ပါတယ်
ရီရှီးကပူးရ်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့
ဘာဘူလားနေရာမှာ မူလက
ပါရက်ရှ်ရာဝဲလ်ကို ထည့်သွင်းရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး
ဒီကားကို Saumya Joshi ရဲ့
Gujrati ဆိုတဲ့ ပြဇာတ်ကို အခြေခံကာ အပြောင်းအလဲ အနည်းငယ်ဖြင့် ရိုက်ကူးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်
လူ့ဘဝဆိုတာဟာ
အသက်အရွယ်ကြီးလာချိန်မှာ
မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့
သားသမီးတွေမြေးတွေဝန်းရံပြီး
ပျော်စရာစိတ်ချမ်းသာစရာတွေနဲ့ နေရရင်
အတော့်ကို ကံကောင်းပါတယ်
ဒီထက်ပိုပြီး
ကိုယ်အသက်အရွယ်ရလာချိန်
ကိုယ့်မှာ ဖခင် သော်လည်းကောင်း
မိခင်သော်လည်းကောင်း
သက်ရှိထင်ရှားရှိနေသေးရင်
ပိုလို့တောင် ကံကောင်းတယ်လို့
ပြောနိုင်ပါတယ်
ဘာဘူဆိုတဲ့ အဘိုးကြီးက အသက် 75 နှစ်. . .
အသက်နဲ့စိတ်က အတူတူပဲ 75 နှစ်. . .
သူ့ ဇနီးသည်က
ဆုံးပါးသွားပြီဖြစ်သလို
တစ်ဦးတည်းသောသားကလည်း
အမေရိကားမှာ အိမ်ထောင်ကျ
အခြေချသွားပြီ
စိတ်ထောင်းလို့ ကိုယ်ကြေဆိုတဲ့စကားလိုပဲ
အိမ်အိုကြီးတစ်လုံးထဲမှာ
သူ့ ဖခင်ဖြစ်သူရယ်
ဆွေမျိုးမကင်းတဲ့
ကောင်လေးတစ်ယောက်ရယ်နဲ့
အတူနေပေမယ့်
သူ့ဘဝဟာ ခြောက်သွေ့လွန်းလှတယ်
ကိုယ်တိုင်က ဇီဇာကြောင်တတ်သလို
စိတ်တိုလွယ် စိတ်ထိခိုက်လွယ်တယ်
အစွဲအလန်းကလည်း ကြီးတတ်သေး
သူ့ဖခင်ကြီးနာမည်က ဒတ္တထရီတဲ့
အသက် 102 နှစ်
လူအသက်က 102
စိတ်အသက်က 26 နှစ်
ဒီအသက်အရွယ်အထိ နှစ်ပေါင်းများစွာ
နေလာနိုင်တဲ့ သူ့ရဲ့ လျှို့ဝှက်ချက်က
ပျော်ပျော်နေတတ်တဲ့ အကျင့်ကြောင့်များလား မသိ. . .
အကျဉ်းကျနေတဲ့ သားဖြစ်သူရဲ့ စိတ်ကို
အရင်အတိုင်း ပြန်ဖြစ်သွားအောင်
လုပ်ပေးဖို့ ဒတ္တထရီ စဉ်းစားတယ်
အိမ်ကိုတွယ်တာလွန်းတဲ့ သူ့ သား
ဘာဘူ့ ကို
ဂင်းနစ်မှတ်တမ်းအကြောင်းပြပြီး
ဘိုးဘွားရိပ်သာပို့ဖို့ ခြိမ်းခြောက်တယ်
ဒါမှ ကမ္ဘာပေါ်မှာ သားဖြစ်သူကို ဘိုးဘွားရိပ်သာပို့တဲ့ ပထမဆုံးဖခင် ဖြစ်လာမှာကိုး
ဒီအကြောင်းကို သိသွားတဲ့ ဘာဘူ့ခမျာ
ဖခင်ကြီး တကယ်လုပ်မှာကို
ကြောက်နေတယ်
ဒတ္တထရီကလည်း အလျှော့မပေး
သူခိုင်းတဲ့ စမ်းသပ်မှုတွေ မအောင်ရင်
တကယ်ပို့မယ် တကဲကဲ
ပထမ
ဒုတိယ
တတိယ စမ်းသပ်မှုတွေကို
ကျော်ဖြတ်အပြီး
နောက်ဆုံးသော စမ်းသပ်မှုမှာ
ဘာဘူရင်ကွဲရပြီ
နှစ်ပေါင်းများစွာ ကွဲကွာနေပြီး
အခုမှ ပြန်တွေ့ ရမယ့်
သူ့ သားဖြစ်သူအာမိုးနဲ့
သူ့ အဖေက မတွေ့ ရဘူးတဲ့လေ
ဘာကြောင့်များပါလိမ့်
အနှစ်ချုပ် ပြောရရင်
“မင့်သားက ငါ့သားကို အနိုင်ယူအလဲထိုးသွားတာမျိုး
ငါခွင့်မပြုနိုင်ဘူး”တဲ့
ဖခင်တစ်ယောက်က ပြောတဲ့နှုတ်ထွက်စကားဟာ ဒီကားလေးရဲ့ အသက်ဖြစ်သွားတယ်
အစကနေ အလယ်လောက်အထိ
စိတ်ဝင်စားစရာတွေနဲ့
အဘိုးကြီးနှစ်ယောက်ကြားက
အလွဲတွေကြောင့်
တသောသော ရယ်မောခဲ့ရပြီး
နောက်ပိုင်းရောက်လေလေ
စိတ်ထိခိုက်ရလေလေပါ
ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့
လူအိုကြီးတစ်ယောက်ရဲ့
မျှော်လင့်ချက်ကြားက လွန်ဆွဲတဲ့ပွဲမှာ
ဖခင်ဖြစ်သူရဲ့ စမ်းသပ်မှုတွေကို
ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရင်း
ဘာဘူတစ်ယောက်
ဘာတွေဆက်ဖြစ်မလဲ
ဘိုးဘွားရိပ်သာကိုပဲ ရောက်သွားမလား
ဇာတ်ကားမှာသာ
ဆက်ကြည့်လိုက်ပါတော့…..
IMDB rating – 7.6/10
Genre -Comedy, Drama
Subtitle : Myanmar Subtitle (Hard Sub)
Run time-1h 42min
Released Date -4 May 2018 (USA)
Director: Umesh Shukla
Writer: Saumya Joshi
အညွှန်း – မြင့်သူ(MLMC)
ဘာသာပြန်-မြင့်သူ၊ညီညီနိုင်(Rainbow Maung)
Encoded By John Burgoyne
720p Hindi HDRip. 600 MB HD (Openload)
😁😁😁😁😁😁
😁😁😁
Siberia (2018)
Siberia (2018) မြန်​မာစာတန်းထိုး
*************************
ဇာတ်လမ်းအကျဉ်းကတော့
လူးကပ်ဟေးလ်ဟာ ကြေးစား မှောင်ခိုသမားတစ်ယောက်လို့ ဆိုရမှာပါပဲ သူကမှောင်ခိုအလုပ်လေးတွေလုပ်လေ့ရှိတဲ့သူတစ်ယောက်ပေါ့ တစ်ရက်မှာ သူ့သူငယ်ချင်းချစ်တဲ့ ပျူတာရဲ့ အဆက်အသွယ်နဲ့ ရုရှားမှာ အမှောင်ခိုလေးနည်းနည်းလုပ်ဖို့ ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် သူ့သူငယ်ချင်းဟာလဲ လူကောင်းတစ်ယောက်မဟုတ်ခဲ့ပါဘူး
ပျူတာဟာ ရုရှားက ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆီကို စိန်ပြာတွေရောင်းပေးဖို့ ပြေားထားခဲ့သလို နောက်ထပ်ဂိုဏ်းစတားတစ်ယောက်ကိုလဲ အဲ့ဒီစိန်ပြာတွေကို ရောင်းထားခဲ့ပါသေးတယ် အဲ့ဒါကို ဘူမသိဘမသိနဲ့ လူးကပ်တစ်ယောက် စိန်ပြာတွေကို Deliervery လုပ်ပေးဖို့ သွားခဲ့ရင်း လူလိမ်သူငယ်ချင်းကြောင့် ဒုက္ခတွေရောက်ရင်း ဂိုဏ်းစတားနှစ်ခုနဲ့ သူ့သူငယ်ချင်း မွှေထားတဲ့ အရှုပ်မထုတွေကြားထဲက ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့ ဇာတ်ကားကိုပဲစောင့်ကြည့်ရမှာဖြစ်ပါတယ် ဇာတ်ကားကတော့ Action မဆန်လှပေမယ့် tempoလေးတွေက ကြည့်ရင်းကြည့်ရင်း မသိမသာဆုံးတဲ့အထိကြည့်ချင်အောင် ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်….
IMDB rating – 4.8/10
Genre -Crime, Romance, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Run time-1h 44min
Released Date – 13 July 2018 (USA)
Director: Matthew Ross
အညွှန်းနှင့်ဘာသာပြန်ကတော့ Crisis A(Arrow Team mkn)
Encoded By John Burgoyne
1080p.WEB-DL. 600 MB HD (Openload)
😁😁😁😁😁😁
😁😁😁
7 Splinters in Time (2018)
7 Splinters in Time (2018)
 မြန်​မာစာတန်းထိုး
***********************
Imdb rate 4.8 ရရှိထားတဲ့ 2018ထွက်​ Mystery, Sci-Fi,Thrillerကားအမျိုးအစား​လေးပါ
Darius Lefauxက မြို့တစ်​မြို့ကစုံ​ထောက်​တ​စ်​တ​ယောက်​ ဖြစ်​ပြီး​တော့ ယာယီအလုပ်​ထုတ်​ခံရတယ်​ ဒါ​ပေမယ့်​ သူ့ကို လူတ​ယောက်​ အသတ်​ခံရတဲ့အမှုတစ်ခု ​စုံစမ်းစရာရှိလို့ဆိုပြီး ပြန်​အလုပ်​​ခေါ်ခဲ့တယ်​​လေ အဲ့အမှုကတခြား​တော့မဟုတ်​ဖူး သူနဲ့တပုံစံတည်းတူတဲ့သူ သူ့ကိုယ်​ပွားလို့​တောင်​ ​ပြောရ​လောက်​တဲ့သူ အသတ်​ခံရတဲ့အမှု​ပေါ့ သူ့မှတ်​ဥာဏ်​​တွေက တစွန်းတစပဲရှိ​တော့​ပေမယ့်​ Dariusက သူအချိန်​နဲ့ခရီးသွားရင်းက​နေ ဖန်​တီးဖြစ်​​ပေါ်လာတဲ့သူ့ရဲ့ ပုံစံခွဲ​တွေပဲတိုတာကို သိသွားခဲ့ပြီး တ​ယောက်​​ယောက်​က သူတို့တ​ယောက်​စီကို သတ်​ဖို့ကြိုးစား​နေတာပါ သိသွားခဲ့တဲ့အခါမှာ​တော့ သူဘာ​တွေဖြစ်​ခဲ့လဲဆိုတာကို မှတ်​မိဖို့ သူဘယ်​လို​တွေ ကြိုးစားခဲ့သလဲ အသတ်​ခံရမယ့်​​ဘေးက​နေ​ရော ဘယ်​လို​တွေ ​ရှောင်​​ပြေးပြီး ဘယ်​လိုလွတ်​​မြောက်​ခွင့်​ရမလဲ
နောက်​ဆုံးမှာလဲ သူပြန်​​ရောမှတ်​မိရဲ့လား ဘယ်​အချိန်​ကိုပြန်​​ရောက်​သွားမလဲဆိုတာကို လျှို့ဝှက်​ဆန်းကြယ်​မူ​တွေနဲ့အတူပဲ 7 Spliters in Timeဆိုတဲ့ ကားအသစ်​​လေးမှာ ​စောင့်​ကြည့်​လိုက်​ပါ​နော်
IMDB rating – 4.1/10
Genre – Mystery, Sci-Fi, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Run time- 1h 15min
Released Date – 13 July 2018 (USA)
Director: Gabriel Judet-Weinshel
Writer: Gabriel Judet-Weinshel
အညွှန်းနှင့်ဘာသာပြန်ကတော့ May Nandar Kyaw
Encoded By John Burgoyne
1080p.WEB-DL. 600 MB HD (Openload)
😁😁😁😁😁😁
😁😁😁😁
Wolf Mother (2016)
Wolf Mother (2016) မြန်မာစာတန်းထိုး
Wolf Mother (2016) သည် IMDb 5.2/10 Filmweb 5.5/10 Google users 67%  ဒါရိုက်တာ  Erik Peter Carlson ကိုယ်တိုင်ရေးသားရိုက်ကူးထား၍  သရုပ်ဆောင် Tom Sizemore, Najarra Townsend, Dwayne Johnson တို့ ပါဝင်သရုပ်ဆောင်ထားသော Crime, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
အတိတ်က ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ ဟောလီဝုဒ်မှာ ကျော်ကြားဖူးပြီး ပြည့်တန်ဆာဘဝပြောင်းသွားသူတစ်ယောက် အလွန်ဆိုးမုန်းမမုန်းသူ သူခိုးတစ်ဦးတို့ စန်ဖရန်စစ္စကိုက အဆင့်အတန်းမြင့်ကလေးတစ်ယောက် ပြန်ပေးဆွဲတဲ့ကိစ္စကို အတူတူဖြေရှင်းကြဖို့ ထွက်လာကြတဲ့အခါ ဘယ်လို သည်းထိတ်ရင်ဖိုတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ..
Reviewed by Win Kyaw Thu
Translated DMO Entertainment
Encoded by Win Kyaw Thu
720p Bluray 840.84 MB (Openload)
😁😁😁😁😁😁
😁😁😁