Tere Naam (2003)

Tere Naam (2003) မြန်မာစာတန်းထိုး
မျက်ရည်မခိုင် ခံစားတတ်လွန်းသူများ မကြည့်ကြပါနဲ့လို့ နောက်ထပ် ရင်နင့်စရာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ…..
အတင်းတောင်းဆိုနေလို့ မအားတဲ့ကြားက ပြန်ရတာဖြစ်တဲ့ အတွက် ကျွန်တော့်ဘာသာပြန်ဆိုမှုအတွင် အမှားအယွင်းများ ပါရှိနိုင်တယ်လို ကြိုတင်တောင်းပန်ထားပါတယ် အဲ့ဒီအတွက် ဆရာ့ ဆရာ ဆရာကြီးများ ကျွန်တော် ဘာသာပြန်တဲ့ကားကို လုံးဝ လုံးဝ မကြည့်ကြပါနဲ့ ကြိုတင်တောင်းပန်ထားပါရစေ…
Tere Naam (2003) သည် IMDb 7.1/10 Times of India 5/5 Google users 79%  ဒါရိုက်တာ  : Satish Kaushik ရိုက်ကူးထား၍  Bala, Jainendra Jain က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Salman Khan, Bhoomika Chawla, Sachin Khedekar တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Drama, Romance ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
လူဆိုးလူသွမ်း လူကြမ်းလေး ရဒ်ဟီ မိုဟန်တစ်ယောက် နာဂျာဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့အခါ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရမလဲ ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ…
Reviewed by Win Kyaw Thu
Translated by Win Kyaw Thu
Encoded by Win Kyaw Thu
720p Bluray 671.82 MB (Openload)

😁😁😁😁😁😁
😁😁😁😁

Detective Chinatown (2015)

Detective Chinatown (2015) မြန်မာစာတန်းထိုး
Detective Chinatown (2015) သည် IMDb 6.6/10 Google users 89% ဒါရိုက်တာ Sicheng Chen
ကိုယ်တိုင်ရေးသားရိုက်ကူးထား၍ သရုပ်ဆောင် Baoqiang Wang, Haoran Liu, He Chen တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Comedy, Mystery ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…
ရဲကောလိပ်မှာ အငြင်းပယ်ခံရတဲ့ စုံထောက်ဝါသနာပါတဲ့ ကောင်လေးတစ်ယောက် သူ့ရဲ့ ဦးလေးရှိရာ ဘန်ကောက်ကို အလည်ရောက်လာကာ တကယ့်လူသတ်မှုကြီးတစ်ခုကို ဘယ်လို ပေါ်အောင်ဖော်လိုက်သလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ကြပါခင်ဗျာ….
Reviewed by Win Kyaw Thu
Translated Khine Ni Ni Shein
Encoded by Win Kyaw Thu
720p Bluray 972.68 MB (Openload)

😁😁😁😁😁😁
😁😁😁

Project Almanc (2015)

Project Almanc (2015)
 မြန်မာစာတန်းထိုး
Time machine တစ်လုံးလောက် ရရင် မလိုချင်ကြဘူးလား ၊ ဆယ်မိနစ်လိုချင်လား တစ်နာရီလိုချင်လား တစ်ညလုံးလား ညပေါင်းများစွာလား လိုချင်သလောက် ရွေ့လို့ရတယ် ။ နည်းနည်းလေး သတိပြုရမှာက အချိန်ကရွေ့သွားမှာ သင့် လက်ရှိ ပုံစံအတိုင်း ရွေ့သွားမှာ ကြားထဲက အချိန်တွေက ပျောက်သွားမှာ တစ်ခုခု ရလိုက်သလိုနဲ့ ဘာမှ မရလိုက်ပဲ အချိန်တစ်ခုဆီကို သင်က ရောက်သွားမှာ လိုချင်တဲ့ အချိန်ထက် ကျော်ပြီး သတိလက်လွတ်နဲ့ အရှေ့ကို ပိုရောက်သွားနိုင်တာ သတိပြုပေါ့… အကယ်၍သင်သည် အချိန်ခရီးနောက်ပြန်သွား၍ သင့်မိခင်နှင့်ဖခင်တို့ မတွေ့ ဆုံမိအောင် တားဆီး မိသည်ဆိုပါတော့ သင်သည်လည်း မွေးဖွား ၍လူသားတစ်ယောက်ဖြစ်လာစရာအကြောင်း မရှိတော့ဘူး ။ လူသားမဖြစ်လာနိုင်သော သင်သည် အချိန်ခရီးပြန်သွား၍ သင်မိဘ နှစ်ပါး မတွေ့ ဆုံအောင်ဖန်တီး လာသည်ဆိုမှာ ယုတ္တိမဆန်သော အတွေးတစ်ခုသာလျင်ဖြစ်တယ် ဆိုရင် ဒီရုပ်ရှင်က ပိုစိတ်ဝင်စားဖို့ကောင်းသွားပြီပေါ့ .. ဒီရုပ်ရှင်ကတော့ သိပ္ပံပညာရှင်လူငယ်ကျောင်းသားတွေဟာ အချိန်နဲ့ပက်သက်ပြီး လိုအပ်သလို ရွှေ့ပြောင်းနိုင်တဲ့ Time Machine တစ်ခုကို မတော်တဆ တီထွင်မိကြတယ် ။ သူတို့ဟာ အဲဒိပစ္စည်းကို အသုံးပြုပြီး အနာဂါတ်နဲ့ အတိတ်ကို သူတို့လိုအပ်သလိုပြင်ဆင်ခဲ့ကြတယ် ။ စိတ်ဝင်စားဖွယ်ရာ သိပ္ပံအက်ရှင်ကားဖြစ်ပြီး Interstella ရုပ်ရှင်ကို ကြည်ဖူးမယ်ဆိုရင်တော့ သိပ်ပြောပြဖို့မလိုတော့ပါဘူး ။
Reviewed by DMO Entertainment
Translated DMO Entertainment
Encoded by Win Kyaw Thu
720p Bluray 760.57 MB (Openload)

😁😁😁😁😁😁😁
😁😁😁😁

Occupation 2018

Occupation 2018 မြန်​မာစာတန်းထိုး
**************************
Occupationဆိုတဲ့ ဇာတ်ကားလေးကတော့ 2018ထွက်ဖြစ်ပြီးတာ့ action အမျိုးအစားဖြစ်ပါတယ် IMDB rating 4.4 ရရှိထားတာ ဖြစ်ပြီးတော့ အနာဂတ်စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာ စည်းလုံးမှုဆိုတာ ပြင်ပရန်ပေါ်ပေါက်လာမှ သိသိသာသာ တွေ့မြင်ရတယ်ဆိုတာကို ပြောပြထားပါတယ်။ လူတွေရဲ့ စရိုက်မျိုးစုံကို ဖော်ပြထားပြီးတော့ စိတ်လှုပ်ရှားရတဲ့အပိုင်း၊ ဝမ်းနည်း ဝမ်းသာ ရတဲ့ အပိုင်းတွေကို မပျင်းရလေအောင် တင်ဆက်ထားပါတယ်။ ထူးခြားတာက စစ်အတွင်းမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေက အတိုက်အခိုက်မလုပ်ရတဲ့ နယ်ပယ်တွေက လာတာပါ။ ဘောလုံးသမားဆိုပေမဲ့ စစ်ဖြစ်လာတဲ့အခါ ကိုယ်ရဲ့ မိသားစုကို ထိခိုက်လာတဲ့အခါ ပြန်လည် တိုက်ခိုက်ရတာပါပဲ ကျေးလက်ဒေသရဲ့ မြို့လေးတစ်မြို့ဟာ အေးအေးချမ်းချမ်း ရှိပြီးတော့ မြို့ပေါ်က လူတွေကလည်း ပျော်ပျော်ရွှင်ရွှင် နဲ့ ဘဝကို ဖြတ်သန်းနေကြတဲ့အချိန်မှာ ကမ္ဘာပြင်ပက ဂြိုလ်သားတွေက ကျူးကျော်လာပါတယ်။ မြို့သူမြို့သားတွေက ဒါကို တိုက်ထုတ်ကြမလား အညံ့ခံကြမလား ညှိနှိုင်းပြီး နေထိုင်ကြမလား လားပေါင်းများစွာနဲ့ အဆုံးသတ်ကို စိတ်ဝင်တစား ကြည့်ကြရမှာ ဖြစ်ပါတယ်
Reviewed by Thae Su Nway
Translated by Thae Su Nway
Encoded By John Burgoyne
1080p.Web_DL 599.25 MB (Openload)

😁😁😁😁😁
😁😁😁

A Better Tomorrow 2018 (2018)

A Better Tomorrow 2018 (2018)
 မြန်​မာစာတန်းထိုး
********************
A Better Tomorrow 2018 (2018) သည် IMDb 5.3/10 Google users 80%  ဒါရိုက်တာ  Ding Sheng ကိုယ်တိုင်ရေးသားရိုက်ကူးထား၍  သရုပ်ဆောင် : Kai Wang, Tianyu Ma, Darren Wang တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Crime, Drama ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
ဒီရုပ်ရှင်ကားက ထောင်က လွတ်မြောက်လာပြီးနောက် သူ့ရဲ့ဘဝအသစ်ကို စဖို့ ကြိုးစားရုန်းကန်ပုံနဲ့ သူ့ရဲ့ရိုင်းစိုင်းတဲ့အစ်ကိုနဲ့ ပတ်သက်မှုကို ပြန်လည်ပြုပြင်ဖို့ ခရီးကို ပြန်လည်စတင်တဲ့အခါ ဘယ်လိုအက်ရှင်ခန်းတွေ တွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ….
Reviewed by Win Kyaw Thu
Translated by Thu Rain Min
Encoded By John Burgoyne
1080p.Bluray 599.51 MB (Openload)

The Pursuit of Happyness 2006 (fb link)

The Pursuit of Happyness 2006
အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်​က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင်​…သင့်​ရင်​​သွေးကိုစွန့်​လွှတ်​လိုက်​​မှာပါလား? ? ?
Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။
သင့်​ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်​ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်​ကြည့်​လိုက်​ပါ
ဒီကား​လေးကြည့်​ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ…
ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ…
ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်​ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​…
ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်း​မေတ္တာရယ်​…
ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​…
ဘဝဆိုတာ ​”ဘုံလုံတစ်​လှည့်​ ငါးပျံတစ်​လှည့်​” ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို…သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ “The Pursuit of Happyness” ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ…
ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့ 
ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​…
ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​…၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ပင်​မဲ့ 
> MTV+TV awards(2007) :
Breakthrough Performance ဆု
> Phoenix Film Critics Society Awards(2006)
:Best Performance by a Youth ဆု
> Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲဝင်​ခဲ့ပါ​သေးတယ်​…အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့…
မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ 
> Academy Awards,USA(Oscar)(2007): Nominated 
> Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့ အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ…
(ဆယ်​​ကျော်​သက်​အရွယ်​ Jaden Smith ကို​တော့ မင်းသားကြီးဂျက်​ကီချန်းနဲ့အတူ Karate Kid မှာအားလုံးမျက်​မှန်းတန်းဖူးပြီးဖြစ်​ကြမှာပါ )
crd : channel myanmar
😁😁😁😁😁😁
😁😁😁😁

Death Bell 1 (2018)fb link

Death Bell 1  
ရင်​တမမနဲ့ ကြည့်​ရမဲ့ ကိုးရီးယားဇာတ်​ကားဗျာ
မင်းသားကြီး Lee Beom Soo နဲ့ 
F4 မင်းသား Kim Bum ပါဝင်​ထားတယ်​ဗျာ
မြန်​မာစာတန်းထိုး ( ၂၀၀၈ )
Fb link–
😁😁😁😁😁😁
😁😁😁😁

Operation Red Sea 2018

Operation Red Sea 2018
 မြန်​မာစာတန်းထိုး
*****************
FOF ရဲ့ ကား ၈၀၀ မြောက်ပါ…..
နိုင်ငံတစ်နိုင်မှာ အာဏာသိမ်းတဲ့အချိန်ဘာတွေဖြစ်လာနိုင်သလဲ။ ဒီဇာတ်ကားထဲမှာတော့ ရေဝိုင်ယာဆိုတဲ့နိုင်ငံမှာ သမ္မတအစိုးရအပေါ်ကို အကြမ်းဖက်သမားတွေက နိုင်ငံကိုအာဏာသိမ်းပြီး အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ မြို့ကြီးပြကြီးတွေကို လိုက်သိမ်းတဲ့အထိဖြစ်လာပါတယ်။ အကြမ်းဖက်သမားတွေကလည်း စစ်တပ်အင်အားကအနေနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို စုပေါင်းပြီး စစ်တပ်တစ်ခုလို ဖြစ်လာတဲ့အချိန်မှာ အဲဒီနိုင်ငံအစိုးရကလည်း တိုက်ဖို့အတွက် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်လာတာပေါ့။ အင်အားခြင်းမမျှဖြစ်လာတဲ့အချိန်မှာ အကြမ်းဖက်သမားတွေက စားပွဲပေါ်မှာရှိတဲ့ ထမင်းဟင်းအစုံအလင်ကို တစ်ပန်းကန်ပြီးတစ်ပန်းကန် ထိုင်စားသလို မြို့ကြီးတွေကို တစ်မြို့ပြီးတစ်မြို့ သိမ်းပါတော့တယ်။ နိုင်ငံပိုင်စစ်တပ်တွေက တိုက်ပေမဲ့လည်း နိုင်ငံတွင်းမှာရှိတဲ့ အခြေအနေတွေက ပိုပိုပြီးတော့ ဆိုးလာပါတော့တယ်။ အဲဒီအချိန်မှ ပဲကြီးလှော်ဆားညှပ်ဆိုသလို အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသား ၁၃၀ ကျော်က ကြားညှပ်ပြီး နိုင်ငံအတွင်းမှာ ပိတ်မိသွားတာပေါ့။ အဲဒီတရုတ်နိုင်ငံသားတွေကို ပြည်မကြီးထဲ ပြန်လည်ခေါ်ယူဖို့အတွက် တရုတ်နိုင်ငံက ရေဝိုင်ယာနိုင်ငံ ဆိပ်ကမ်းအထိလာပြီးတော့ သူ့လူတွေကို ပြန်လာကယ်ပါတယ်။ သူ့လူတွေအပြင် တရုတ်ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသားတွေကိုပါ ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန် တစ်ဖက်မှာ အကြမ်းဖက်သမားတွေက ညစ်ညမ်းတဲ့ယူရေနီယံနဲ့တွေကို နိုင်ငံတကာကနေ ဝယ်ပြီးတော့ အနုမြူဗုံးတွေကိုလုပ်ဖို့ ကြံစည်နေတာပေါ့။ ဗုံးလုပ်ပြီးရင် အကြမ်းဖက်ဆိုတဲ့အတိုင်း အကြမ်းဖက်တဲ့အခါ လူတွေအမြောက်အများ သေကြေပျက်စီးကြတော့မှာပေါ့။ ဒါနဲ့အဲဒီနိုင်ငံမှာရှိတဲ့ သတ္တိကောင်းတဲ့ သတင်းထောက်မလေးက အဲဒီအကြမ်းဖက်သမားတွေထဲက ခေါင်းဆောင်ပိုင်းတွေအကြောင်းကို ဖော်ထုတ်ဖို့လိုက်ပါတော့တယ်။ သူကလည်း တရုတ်ကပြားသတင်းထောက်ပါ။ သတင်းထောက်က လိုက်တာနေတာသိတော့ အကြမ်းဖက်သမားတွေက သတင်းထောက်မလေးကိုလည်း လုပ်ကြံဖို့ကြိုးစားပါတော့တယ်။ အဲဒီအချိန် နိုင်ငံအတွင်းမှာ ပိတ်မိနေတဲ့ တရုတ်ပြည်သူတွေကို လာကယ်တဲ့ တရုပ်ရေတပ်က သင်္ဘောကြီးကလည်း ဆိုက်ကပ်လို့လာပါပြီ။ အဲဒီမှာ ပြဿနာက ဗုံးလုပ်တဲ့နည်းပညာကို ကိုင်ထားတဲ့ ဝီလီယံဆိုတဲ့လူကလည်း သူ့ရဲ့နည်းပညာကို အကြမ်းဖက်သမားတွေဆီကိုရောင်းစားဖို့ လုပ်နေတာပေါ့။ ဒါပေမဲ့အပေးအယူတွေ မတည့်တော့ သူလည်း အကြမ်းဖက်သမားတွေကို ကြောက်ပြီး ထွက်ပြေးနေရတာပေါ့။ အဲဒီအချိန် ရေဝိုင်ယာနိုင်ငံအတွင်းမှာ အစိုးရရဲ့ကာကွယ်ရေးဦးစီးချုပ်ကို လုပ်ကြံဖို့လိုက်တဲ့အတွက်ကြောင့် သူ့ရဲ့မိသားစုဝင်တွေကို စောင့်ရှောက်ပေးဖို့ တရုတ်ကို အကူညီလှမ်းတောင်းပါတယ်။ တရုတ်ကလည်း ဂရုဏာဗလပွနဲ့ကူညီပေးလိုက်တဲ့အချိန်မှာ ပြဿနာမီးခဲက တရုတ်ရဲ့လက်ပေါ်ကို ကျလာပါတော့တယ်။ ဒါနဲ့အကြမ်းဖက်သမားတွေက ဓါးစာခံလုပ်ဖို့အတွက် အဲဒီနိုင်ငံမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ကြီးနောက်ကို လိုက်ပါလေရော။ သူတို့ကလည်း ကာချုပ်ရဲ့မိသားစုကိုပါ သတ်ရမှာကြေနပ်မှာဆိုပဲ။ ဘာလို့လဲဆိုတော့ ကာချုပ်ရှိခဲ့တဲ့အချိန်က သူတို့ကိုဖိနှိပ်ခဲ့လို့တဲ့ဗျ။ ဒါနဲ့ကောင်စစ်ဝန်က အဲဒီမှာရှိနေတော့ တရုတ်ကလည်း သူ့ကိုအဓိကထားပြီး ကယ်ဖို့လုပ်တာပေါ့။ အကြမ်းဖက်သမားတွေအတွက် တရုတ်ကို ပြန်ခြိန်းချောက်ဖို့အတွက် ဓါးစာခံကောင်းရပြီဆိုပြီး သူ့အနောက်ကိုထပ်ချပ်မကွာ လိုက်ကြပြန်တယ်။ အဲဒီမှာ ပြေးရင်းလွှားရင်း တိုက်ရင်းခိုက်ရင်းနဲ့တစ်ယောက်နောက် တစ်ယောက်လိုက်ရင်း စစ်ပွဲတွေဖြစ် တိုက်ပွဲတွေဖြစ်၊ ပြည်သူတွေသေ၊ စစ်သားတွေသေ၊ အကြမ်းဖက်သမားတွေသေ၊ တရုတ်ကသူ့လူတွေကို မရရအောင်ကယ်၊ အကြမ်းဖက်သမားတွေကလည်း အကြမ်းဖက်၊ အဲဒီလိုနဲ့တရုတ်စစ်တပ်နဲ့ အကြမ်းဖက်သမားတွေကြားမှာ အားပြိုင်မှုတွေဖြစ်လာပါတော့တယ်။ တရုတ်ကလည်း သူ့လူတွေအတွက်ဆို စစ်သားတွေဘယ်လောက်ရင်းရရင်းရ ကယ်မယ်ဆိုတာပဲ။ တစ်ဖက်ကလည်း အကြမ်းဖက်သမားတွေက လူတွေဘယ်လောက်သေသေ အကြမ်းဖက်မယ်ဆိုတာကြီးပဲ။ ရေဝိုင်ယာနိုင်ငံရဲ့တပ်ကလည်း သူလည်းမနိုင်မဲ့အတူတူ တရုတ်ကို ပြည်ထဲသွင်းပြီး မျက်နှာလွဲခဲပစ်သလို ပစ်ထည့်လိုက်ပါလေရော။ အဲဒီအချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ အားပေးလိုက်ကြပါတော့။ စစ်ရဲ့အနိဋ္ဌာရုံတွေကို ကွက်ကွက်ကွင်းကွင်း ပြထားတာဖြစ်လို့ ဒီကားကြည့်ပြီးရင် စစ်ကိုရွှံမုန်းသွားမှာတော့ သေချာပါလိမ့်မယ်။
Reviewed by Kyar Gyi
Translated by Kyar Gyi & May Honey Swe Lwin
Encoded By John Burgoyne
1080p.Bluray 599.51 MB (Openload)

😁😁😁😁😁😁😁
😁😁😁

Reign of Assassins (2010)

Reign of Assassins (2010) မြန်​မာစာတန်းထိုး
Reign of Assassins (2010) သည် IMDb 6.9/10 Rotten Tomatoes 70% Google users 92%  ဒါရိုက်တာ  Chao-Bin Su, John Woo ရိုက်ကူးထား၍  Chao-Bin Su က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Michelle Yeoh, Woo-sung Jung, Xueqi Wang တို့ ပါဝင်သရုပ်ဆောင်ထားသော Action, Adventure ဇာတ်ကားကောင်း တစ်ကား ဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ….
Drizzle/Zeng Jing ဟာ သူ့ရဲ့ ဂိုဏ်းနဲ့ ဘုန်းတော်ကြီး အကြွင်းအကျန်တွေကို သစ္စာဖောက်ပြီးတဲ့နောက် ဘဝအသစ်ကို အစပြုဖို့ကြိုးစားရာမှာ ဘယ်လို အက်ရှင်စွန့်စားခန်းတွေ ဖြစ်လာမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ
Reviewed by Win Kyaw Thu
Translated DMO Entertainment
Encoded by Win Kyaw Thu
720p Bluray 858.03 MB (Openload)

😁😁😁😁😁😁
😁😁😁